(၁) လိင်စိတ်သည် ကလေးဘ၀မှ စတင်သည်။
လူသားတို့ ၏ ခြေခံ စိတ်တွင် အစားအစာ စားသောက်လိုစိတ် နှင့် လိင်စိတ် (သို့) ဖိုမ ဆက်ဆံဖို့ စိတ်တို့ ပါဝင် သည်။ ကလေးသည် မွေးစမှ အစားအစာကို စားသည်။ သို့သော် လိင်စိတ်သည် အရွယ် ရောက်ချိန် ကျမှ နိုးကြွလာသည် ဟု ထင်ခဲ့ကြသည်။ ကလေးတို့သည် လိင်စိတ်နှင့် ပတ်သက် လျှင် ကင်းစင်ကြသည်ဟု ဆိုခဲ့ကြသည်။ ယနေ့ သိပ္ပံ ပညာရှင်များ အလို အရ လိင်စိတ်သည် အပျိုလူပျို အရွယ်ရောက်မှ နိုးကြားလာသည် ဆိုသည့် အယူ အဆသည် မမှန်တော့ပါ။ မိမိ ဘေးပတ်ဝန်းကျင် မှ ကလေးများကို သတိပြုကြည့်ပါ။ အသက်သုံးလေး ငါးနှစ် အရွယ်ကလေးက လိင်ကိစ္စ ကို စိတ်ဝင်စားမှု ပြနေသည်ကို တွေ့ရပါမည်။
ကျားလိင်တန်ဆာသည် ယောက်ျားလေးများ အတွက် လွန်စွာ အရေးကြီးသော ပစ္စည်း ဖြစ်၏။ ဒါကလေးကို သူတို့ ဂုဏ်ယူ မဆုံးရှိကြသည်။ တပ်မတော် ဗိုလ်ကြီးတစ်ဦးသည် သူဗိုလ်သင်တန်း တက်စဉ်က ဆုရရှိခဲ့သော ဓါးရှည်ကို ဂုဏ်ယူစွာ ထုတ်ပြတတ်သည့် သဘောအတိုင်း ဖြစ်၏။ သူတို့ လိင်တန်ဆာကို ဤမျှတန်ဖိုး ထားကြသည်။ သို့ကြောင့် ခါတနာ လုပ်ရန် အသေ အလဲငြင်းဆိုတတ်သည်။
ဤ PDF Ebook တွင် ဆက်လက် ဖတ်ရှုပါ။