ဤစာအုပ်သည် အိမ်ထေင်ကျပြီး နှင့် အိမ်ထောင်ကျရန် စီစဉ်ပြီး မောင်မယ်တို့ အတွက် ရည်မှန်းပါသည်။ ဖိုမ ကိစ္စ နှင့် ပတ်သက်လျှင် အခြေခံ ရှိပြီးသူများဟု ယူဆပါသဖြင့် အခြေခံ ဖိုမပညာ မှ အရေးကြီး သော အချက် အချို့ ကိုသာ အောက်တွင် အကျဉ်းချုံး၍ ဖော်ပြပါသည်။
ယောက်ျား လိင် အင်္ဂါများ နှင့် လုပ်ငန်းတာဝန်များ
ကပ္ပာအိတ် ထဲတွင် ဝှေးစေ့ရှိသည်။ ဝှေးစေ့မှ ဆီးလမ်းသို့ ဆီးအိမ် အောက် အကျိတ် (ပရောစတိတ်ဂလင်း ) အတွင်း တွင် ပေါင်းစပ်သည်။ ထိုကြောင့် ကျားလိင်တန် ဆာမှ သုက်ရည်ရော ဆီးပါထွက်သည်။
သုက်ရည်တွင် ဝှေးစေ့မှ သုက်ပိုးများအပြင် သုက်အရည်ကြည် သိုလှောင် အိမ်မှ ထုတ်ပေးသော အကျိ အချွဲရည်နှင့် ဆီးအိမ် အောက် အကျိတ် (ပရောစတိတ် ဂလင်း ) မှ ထုတ်ပေးသော အရည်များ ရောနှောနေခြင်း ဖြစ်သည်။ သုက်ရည် တွင်ဆီးမပါ ပါ။ ဆီးသားလျှင် သုက်ရည်လမ်းပိတ်နေပြီး သုက် လွှတ်လျှင် ဆီးအိမ် တံခါး ပိတ် နေသောကြောင့် ဖြစ်သည်။ လက်ဖက်ရည် တစ်ဇွန်း လောက် ရှိသော သုက်ရည် တွင် သုက် ပိုး ကောင်ပေါင်း သန်း ၂၀၀ မှ သန်း ၃၀၀ အထိ ပါဝင်သည်။
ဤ PDF Ebook တွင် ဆက်လက် ဖတ်ရှုပါ။